Success Stories - Local

Listen to what our students talk about us ...

Thu Wai Kyaw
Essentials English 4 Skills- Batch-36(Offline Class)

အင်္ဂလိပ်စာကိုအခြေခံကနေပြန်လေ့လာချင်တဲ့အချိန်မှာ i-connect ကို Facebook မှာရှာဖွေတွေ့ခဲ့ပါတယ်။ Review တွေကောင်းလှပြီး Wall ထဲမှာလည်း သေသေချာချာကြည့်လိုက်တော့ သင်တန်းကောင်းတစ်ခုဖြစ်မယ်လို့ ယုံကြည်သွားတယ်။ Messenger ကနေစုံစမ်းမေးမြန်းတဲ့အချိန်မှာလည်း Customer Service က မဂျူးက စိတ်ရှည်စွာ ဖြေကြားပေးတာကြောင့် စိတ်ချမ်းသာရတယ်။

\r\n

သင်တန်းတက်စတင်တဲ့နေ့မှာတင် Tr. Kelvin ရဲ့သင်ကြားမှုဟာ နားလည်ရလွယ်ပြီး စာနဲ့ဝေးနေတာ တောင် ပြန်နားလည်လာနိုင်ခဲ့တယ်။ နားလည်လွယ်သလို အတန်းထဲမှာတောင် ပြန်ပြောဖို့ တော့ စတင်ပြောရဲလာခဲ့တယ်။ Speaking နဲ့ Listening ပိုင်းတွေကိုလည်း လေ့ကျင့်ခိုင်းပေးလို့ တဖြည်းဖြည်းနဲ့အဆင်ပြေလာတယ်။

\r\n

အတန်းထဲမှာ သင်ကြားမှုအပြင် Customer Service မှာတာဝန်ယူနေတဲ့ မဂျူးကလည်း နွေးထွေးပြီး ကျောင်းသားတွေကိုအရမ်းဂရုတစိုက်ထားတယ်။ မေးသမျှကို အချိန်မရွေး ဖြေကြားပေးပြီး စိတ်ရှည်လေးနဲ့ ထောက်ခံပေးတဲ့အတွက် ပိုမိုသဘောကျသွားတယ်။

\r\n

အင်္ဂလိပ်စာကိုစတင်လေ့လာချင်သူများအတွက်တော့ စိတ်ချလက်ချ i-connect ကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ သင်ကြားမှုကောင်း၊ ဝန်ဆောင်မှုသေချာတဲ့အပြင် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကိုပါ မြှင့်တင်ပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။

Thwin Htoo Aung
Essentials English 4 Skills- Batch-36 (Online Class)

\r\n

i-connect English သင်တန်းကျောင်းမှာ သင်ကြားခွင့်ရတာ တကယ့်ကို စိတ်ရောကိုယ်ပါ ကျေနပ်ရပါတယ်။ ဆရာမ Mai ရဲ့ သင်ကြားပြသမှုက အရမ်းအသေးစိတ်တယ် နားလည်လွယ်အောင်ရှင်းပြတယ် စိတ်အရမ်းရှည်တယ်။ English စာနဲ့ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့ အရည်အချင်းတစ်ခုရရှိသွားတယ်။ ယုံကြည်မှုတွေတိုးလာတယ်။ ငလျင်ဒဏ်ခံရတဲ့ ဒေသကကျောင်းသားတွေရှိတာကြောင့် သင်တန်းအချိန်ပြောင်းပေးတဲ့အထိ ကျောင်းသားတွေအပေါ်‌တာဝန်ကြေတဲ့ ကျောင်းပါ။ service ပိုင်းတာဝန်ယူထားတဲ့ Ma Juu ကလည်း အချိန်နှင့်တစ်ပြေးညီ သင်တန်းသားတွေလိုတာဆောင်ရွက်ပေးပါတယ်။ ပြောဆိုပေးပါတယ်။ Tr. Mai ရော Ma Juu ရော ကျေးဇူးအများကြီးတင်ပါတယ်လို့ ဒီကပြောပါရစေ သင်တန်းသားအသစ်တွေအတွက်လည်း i-connect မှာ တက်ကြရင်း English စာကို Polish လုပ်ဖို့အကြံပြုပါရစေ။

\r\n

Thant Zin
English Language 4-Skills & IT Fundamental Class

i-connect မှာသင်တန်းနှစ်ခုတက်ခဲ့ဖူးတယ်။ ပထမတစ်ခုက IT Fundamental Class လေး စ join ဖြစ်တယ်ပေါ့။ Lecture ရော Practical ရော သေသေချာချာသင်နေရတော့အဆင်ပြေတယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပြီးအောင် ဆက်မတက်ဖြစ်ခဲ့ဘူး။နောက်တစ်ခုကတော့ Teachel Elsie သင်တဲ့ English Class ေပါ့။ Teachel Elsie နဲ့လို့ ပြောလိုက်ကတည်းက ဘာမှသိပ်ပြောစရာမလိုတော့ဘူးထင်တယ်။ Teachel နဲ့ သင်ဖူးတဲ့ကျောင်းသားတိုင်း အပြုံးချိုချိုနဲ့ စနစ်တကျသင်ပေးတဲ့ Teachel ရဲ့ မျက်နှာလေးကို မှတ်မိနေကြမယ်လို့ ထင်ပါတယ်။ သင်တန်းအစမှာ ကျောင်းသားအချင်းချင်းတောင် စကားကောင်းကောင်းမပြောဖြစ်ကြတဲ့ သင်တန်းလေးက Teachel ကြောင့် အများကြိးရင်းနှီးမှုရလာပြီး အများကြီးနွေးထွေးလာတယ်။

Saing mon
English Language 4-Skills

So the course is over. I got to enjoy i-connect, which I think is the best class I\\\'ve ever taken. Everything is good for me and has increased my confidence, you know. I-connect teachers are very good for every student. I-connect teachers are very good for every student. I-connect is the best class for me and is good at teaching. I-connect family and their services are really good. And then they give opportunities to young people.